အင်္ဂါဂြိုလ်ကို နာရီပိုင်းအတွင်းရောက်နိုင်တော့မှာလား?

အာကာသယာဉ်မောင်းနှင်ရာမှာ အရှိန်နှုန်းမြန်ဆန်ဖို့အတွက် အဓိကထည့်သွင်းရတဲ့ လေရဟတ်ကို NASA မှ ပြုပြင်စမ်းသပ်ရာတွင် အောင်မြင်မှုရရှိခဲ့ပါတယ်။

နာဆာက သူ့ရဲ့ အာကာသ လေ့လာရေး သက်တမ်းကို တိုးချဲ့ဖိုလုပ်ဆောင်နေပြီး ကမ္ဘာကနေ ၁၃ ဘီလီလံ ဝေးကွာတဲ့ အာကာသယာဉ်ဟာ အထိအခိုက်ရှိခဲ့တာကြောင့် ၃၇ နှစ် ကြာ ဘာလုပ်ဆောင်ချက်မှမလုပ်ခိုင်းပဲ ကမ္ဘာမှာသောင်တင်နေတာဖြစ်ပါတယ်။

အာကာသယာဉ် ၁ ကို ၁၉၇၇ ခုနှစ်မှာ လွှတ်တင်ခဲ့ပြီး အဲ့ဒီယာဉ်ဟာ ကြယ်တစ်ခုနှင့်တစ်ခုကြား လေ့လာဖို့အတွက် လူတွေပြုလုပ်ခဲ့တဲ့ တစ်ခုတည်းသောယာဉ်ဖြစ်ပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်လေးခုလောက် လေ့လာရေးလုပ်ဆောင်ပြီးတဲ့အချိန်မှာ ၎င်း ယာဉ်ဟာ ဂျူပီတာ၊ စေတန် တို့ကို အနီးကပ် လေ့လာခဲ့ပြီး အာကာသမှာ အချက်အလက်တွေရှာဖွေတွေ့ရှိဖို့အတွက် ရှေ့ဆက်သွားတဲ့အချိန်မှာ ၎င်း ယာဉ်ရဲ့ လုပ်ဆောင်ချက်တွေ လျော့နည်းလာတာကို အင်ဂျင်နီယာတွေ တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် အာကာသယာဉ် ၁ ကို ရှေ့ဆက်လုပ်ဆောင်ချက်တွေ ဆက်လက်ခိုင်းစေဖို့အတွက် နာဆာက နောက်ထပ် ၎င်း ယာဉ်ရဲ့ နောက်ဘက်ခြမ်းမှာ ယာဉ်ကို ပိုမြန်စေမယ့် ပန်ကာလေးလုံး ထပ်မံထည့်သွင်းဖို့လုပ်ဆောင်နေပြီး ၎င်း ပစ္စည်းဟာ ၁၉၈၀ ကတည်းက မသုံးတော့တာဖြစ်ပါတယ်။

နာရီပေါင်း ၁၉ နာရီနဲ့ တစ်ဝက် လုပ်ဆောင်ပြီး စမ်းသပ်ကြည့်လိုက်တဲ့အခါမှာ မြုံနေတဲ့ ပန်ကာက ကောင်းကောင်းအလုပ်လုပ်ပြီး အာကာသထဲကို သွားဖို့ အဆင်သင့် ဖြစ်နေတယ်ဆိုတာကို အင်ဂျင်နီယာတွေက တွေ့ရှိခဲ့ပါတယ်။

နာဆာက ရွေ့လျားနေတဲ့လမ်းကြောင်းကို အသုံးချပြီး ဇန်နဝါရီလကနေစပြီး အာကာသယာဉ် ၁ ကို နောက်ထပ် သက်တမ်း ၂နှစ် ၃နှစ် တိုးပြီး အသုံးပြုဖို့ စီစဉ်နေပါတယ်။ တွန်းအားနဲ့ ပတ်သက်တဲ့ ဓါတ်ခွဲခန်းဆိုင်ရာ အင်ဂျင်နီယာက “အာကာသယာဉ်ပိုင်းဆိုင်ရာ အဖွဲ့တွေကတော့ ဒီလို ပန်ကာတွေကို ယာဉ်မှာ စမ်းသပ်လုပ်ဆောင်တဲ့ အချိန်တိုင်းမှာ သူတို့အတွက် မှတ်ကျောက်တစ်ခု ကျန်ခဲ့တဲ့အတွက် စိတ်အလှုပ်ရှားဆုံးလူဟာ သူတို့ပဲဖြစ်မှာ ပါလို့” သူကဆိုပါတယ်။

“ဒီစိတ်လှုပ်ရှားမှုဟာ သက်သာရာတစ်ခု ဖြစ်ပြီး အရင်က တစ်ခါမှ စမ်းသပ်လို့ မအောင်မြင်ခဲ့တဲ့ အာကာသယာဉ်မှာ တပ်ဆင်လို့ရတဲ့ ဂြိုလ်တုဟာ အဆင်ပြေပြေ တပ်ဆင်လို့ ရသွားတဲ့ မျက်မြင်ကိုယ်တွေ့ ခံစားချက်ဟာဆိုရင်ဖြင့် ပျော်ရွှင်စရာတွေဖြစ်ပေါ်စေပြီ သံသယတွေ ကင်းစင်စေခဲ့ပါတယ်။

JPL အကြီးအကဲ အင်ဂျင်နီယာ ဂျွန် ပြောတာက “အာကာသယာဉ် ပျံသန်းရေး အဖွဲ့ဟာ ဆယ်စုနှစ်ချီ ဟောင်းနွမ်းနေတဲ့ အချက်အလက်တွေကို ရှာဖွေခဲ့ပြီး ခေတ်မမှီတော့တဲ့ တပ်ဆင်မှု ဆော့ဝဲလ်တွေကို ပြန်လည်ရေးသား ပြင်ဆင်ခဲ့တာဟာ လေရဟတ်ကို လုံခြုံစိတ်ချစွာနဲ့ မောင်းနှင်နိုင်တာကို သေချာအောင် လုပ်ဖို့ဖြစ်တယ်လို့” သူကထပ်လောင်းပြောပါတယ်။

အလားတူပဲ အာကာသ ခရီးသည်တင် ယာဉ် ၂ မှာ လည်း လေရဟတ်ဟာ အလားတူ လုပ်ဆောင်ချက်တွေလုပ်ဆောင်နိုင်ဖို့ စမ်းသပ်နေပြီး ၎င်းဟာ အာကာသယာဉ် ၁ မတိုင်ခင် ၁၉၇၇ မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး အာကာသထဲကို လာမည့် နှစ်အနည်းငယ်အတွင်း ကြယ်ဂြိုလ်တွေအကြား ပျံသန်းတော့မှာ ဖြစ်ပါတယ်။

ပလူတိုနီယံ စွမ်းအင်နဲ့ မောင်းနှင်တဲ့ အာကာသယာဉ်တွေဟာ လောင်စာတွေ ကုန်သွားတဲ့ အထိ ဆက်လက် မောင်းနှင်နေမှာဖြစ်ပြီး နဂါးငွေ့တန်း ဂလက်ဆီ ရဲ့ အလယ်ဗဟို ကို လှည့်ပတ်နေမှာဖြစ်ပါတယ်။

7techlover.org (နည်းပညာချစ်သူ)

Source. sunthitmyanmar

About the author

Boykhai

Leave a Comment