၂၀၁၇ အတွက် တန်ဖိုးနည်းပြီး အကောင်းဆုံးဖြစ်တဲ့ စမတ်ဖုန်းများ

အရင်ကတော့ တန်ဖိုးနည်း စမတ်ဖုန်းများဟာ ကိုယ်ထည်တည်ဆောက်မှု ၊ စွမ်းဆောင်ရည်၊ မျက်နှာပြင်နဲ့ ကင်မရာ အစိတ်အပိုင်းများဟာ အလွန် ညံ့ဖျင်းကြပါတယ်။ အခုတော့ တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်ဟာ ပြောင်းလဲတိုးတက်လာပါပြီ။ တန်ဖိုးကြီး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများမှ ထူးခြားဆန်းသစ်တဲ့ စွမ်းဆောင်ချက်များကို ဒီနေ့ခေတ် တန်ဖိုးနည်း စမတ်ဖုန်းများမှာတောင် အသုံးပြုနိုင်ကြပါပြီ။ ဒါ့ကြောင့် ၂၀၁၇ ခုနှစ်အတွက် စတာလင်ပေါင် ၂၀၀ အောက် အကောင်းဆုံး တန်ဖိုးနည်း စမတ်ဖုန်းများကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

၁။ Moto E4 Plus

Weight: 198g

Dimensions: 155 x 77.5 x 9.6mm

OS: Android 7.1.1

Screen size: 5.5-inch

Resolution: 720 x 1280

CPU: MediaTek MT6737

RAM: 3GB

Storage: 16GB/32GB

Battery: 5000mAh

Rear camera: 13MP

Front camera: 5MP

အကောင်းဆုံး တန်ဖိုးနည်း စမတ်ဖုန်းစာရင်းမှာ Moto E4 Plus ကို ထိပ်ဆုံးနေရာမှာ သတ်မှတ်ချင်ပါတယ်။ သူဟာ ဘက်ထရီ သက်တမ်း အလွန် ကောင်းမွန်ပြီး ဒီဇိုင်းက တန်ဖိုးကြီး ဖုန်း ပုံပေါက်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာပါပါတယ်။ တန်ဖိုးနည်း ဖုန်း ဖြစ်တဲ့အတွက် သူ့ရဲ့ စွမ်းရည်ကတော့ အကန့်အသတ်ရှိပါတယ်။ အမေဇုန်မှာ စတာလင်ပေါင် ၁၄၇ သတ်မှတ်ထားပါတယ်။

၂။ Nokia 6

Weight: 169g

Dimensions: 154 x 75.8 x 7.9mm

OS: Android 7.1.1

Screen size: 5.5-inch

Resolution: 1080 x 1920

CPU: Snapdragon 430

RAM: 3/4GB

Storage: 32GB/64GB

Battery: 3000mAh

Rear camera: 16MP

Front camera: 8MP

Nokia 6 ဟာ တန်ဖိုးကြီး ဖုန်း ဒီဇိုင်း ဖြစ်ပြီး သတ္တုကိုယ်ထည် အပြည့် တပ်ဆင်ထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းပေးထားပါတယ်။ ၅.၅ လက်မ Full HD Display က အလွန် ကောင်းမွန်ပါတယ်။ ဘက်ထရီကတော့ အားနည်းပါတယ်။ အမေဇုန်မှာ စတာလင်ပေါင် ၁၉၄ ဖြင့် ရောင်းပေးနေပါတယ်။

၃။ Moto G5

Weight: 145g

Dimensions: 144.3 x 73 x 9.5mm

OS: Android 7

Screen size: 5-inch

Resolution: 1080 x 1920

CPU: Snapdragon 430

RAM: 2/3GB

Storage: 16GB/32GB

Battery: 2800mAh

Rear camera: 13MP

Front camera: 5MP

Motorola Moto G5 ဟာ အရင်ကတော့ အကောင်းဆုံး တန်ဖိုးနည်း ဖုန်း ဖြစ်ခဲ့ပြီး အခုတော့ သူ့ထက် ပိုတန်ဖိုးနည်းတဲ့ ပြိုင်ဖက်များကြောင့် အဆင့်နည်းနည်း လျောကျသွားပါတယ်။ Moto G5 မှာ သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး Full HD Display , Fingerprint Scanner များပါပါတယ်။ စတာလင်ပေါင် ၁၆၉ တန်ကြေးရှိပါတယ်။

၎။ Moto G4 Plus

Weight: 155g

Dimensions: 153 x 76.6 x 7.9-9.8mm

OS: Android 7

Screen size: 5.5-inch

Resolution: 1,920 x 1,080

CPU: Snapdragon 617

RAM: 2/4GB

Storage: 16GB w/ microSD

Battery: 3,000mAh

Rear camera: 16MP

Front camera: 5MP

Moto G4 Plus ဟာ ပေးရတဲ့ ဈေးနဲ့ အလွန်တန်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ သူဟာ Moto G4 နဲ့ စွမ်းရည် တူညီပေမယ့် လက်ဗွေရာ အာရုံခံ ကိရိယာ အပိုပါရှိလာပါတယ်။ ကင်မရာကလည်း Moto G4 ထက် ပိုမိုကောင်းမွန်လာပါတယ်။ စတာလင်ပေါင် ၂၀၀ အောက် ဖုန်းမှာ ဒီလို 16MP Camera တပ်ဆင်ပေးထားတာက အထင်ကြီးစရာပါ။ ဈေးနည်းနည်းနဲ့ ဓါတ်ပုံကောင်းများ ရိုက်ကူးချင်ရင်တော့ ဒီဖုန်းကို ရွေးချယ်ပါ။ မျက်နှာပြင် အရည်အသွေးကလည်း အလွန်ကောင်းမွန်ပါတယ်။ စတာလင်ပေါင် ၁၆၄ တန်ကြေးရှိပါတယ်။

၅။ Huawei Honor 6A

Weight: 143g

Dimensions: 143.7 x 71 x 8.2mm

OS: Android 7

Screen size: 5-inch

Resolution: 720 x 1280

CPU: Qualcomm Snapdragon 430

RAM: 2/3GB

Storage: 16/32GB

Battery: 3020mAh

Rear camera: 13MP

Front camera: 8MP

Honor 6A မှာ ဘက်ထရီ သက်တမ်းနဲ့ စွမ်းဆောင်ရည်က ပိုမို ကောင်းမွန်လာပါတယ်။ ကင်မရာကလည်း 5C ထက် ပိုမို တိုးတက်လာပါတယ်။ Android 7 Nougat ထည့်သွင်းထားပြီး Qualcomm Snapdragon 430 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ တန်ဖိုးနည်းပေမယ့် အဆင်ပြေပြေသုံးနိုင်မယ့် ဖုန်းပါ။ စတာလင်ပေါင် ၁၂၉ သတ်မှတ်ထားပါတယ်။

7techlover.org (နည်းပညာချစ်သူ)

Source:DigitalTime

About the author

Boykhai

Leave a Comment