အင်တာနက်မှာ ရှာဖွေထားတဲ့ အချက်အလက်နှင့် လုပ်ဆောင်မှုများကို တခြားသူ မသိအောင် လုပ်နည်း။

မင်္ဂလာပါ။ တခြားသူတွေရဲ့ ဖုန်း/ကွန်ပျူတာနှင့် Browser ကို အသုံးပြုတဲ့အခါ ကျနော်တို့ ဝင်ကြည့်ခဲ့တဲ့ ဝဘ်ဆိုဒ်(Website)များ၊ ရှာဖွေခဲ့တဲ့ ခြေရာလက်ရာ အချက်အလက်များကို (Private Browsing) သုံးပြီး အခြားလူတွေ မသိအောင် လုပ်နည်း မသိတဲ့သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

ဒီနည်းလမ်းက ၀ဘ်ဆိုက်များမှာ Login ၀င်ခဲ့တဲ့ Username, Password များကို တခြားလူမသိအောင် ကာကွယ်ပေးနိုင်ပါတယ်။  ပြီးတော့ Mobile Banking, Internet Banking တို့လို ငွေကြေးနဲ့ ပတ်သက်တဲ့ ၀က်ဆိုက်များကို အသုံးပြုတဲ့ အခါလည်း တခြားသူမသိအောင် လုပ်ပေးနိုင်ပါတယ်။

ဘယ်လို လုပ်ရမလဲဆိုတာ နည်းလမ်း နှစ်မျိုးနှင့် ရှင်းပြပေးလိုက်ပါတယ်။

ပထမ နည်းလမ်းက Chrome Browser ကို အသုံးပြုတဲ့ သူတွေအတွက်ပါ။ (ကွန်ပျူတာမှာလည်း ဒီနည်းအတိုင်း အသုံးပြုနိုင်ပါတယ်။)

အဆင့် (1)- Chrome Browser ကို ဖွင့်ပြီး ညာဘက်အပေါ်ထောင့်မှ အစက် သုံးစက်ကို နှိပ်ပါ။

အဆင့် (2)- New incognito tab ကို နိုပ်ပါ။

အဆင့် (3)- ဒီလို အမဲရောင်းပေါ်လာပြီးဆိုရင် တခြားသူမသိအောင် လုံခြုံစိတ်ချစွာ အင်တာနက် သုံးနိုင်ပါပြီ။

ဒုတိယနည်းလမ်းက ဖုန်းမှာ Orginal ပါပြီးသား Browser ကို အသုံးပြုတဲ့ သူတွေ အတွက်ပါ။

အဆင့် (1)- Browser ထဲကို ဝင်ပြီး ပုံမှာ ပြထားတဲ့အတိုင်း နိုပ်ပေးပါ။

အဆင့် (2)- အပေါ်က Private ကို ဝင်ပါ။

အဆင့် (3)- အောက်ဘက် အလယ်မှာ အပေါင်းပုံလေးကို (ပုံမှာကြည့်ပါ) နိုပ်လိုက်ပါ။

အဆင့် (4)- ဒီလို ပုံစံအမဲရောင်လေး ဖြစ်သွားရင် ကြိုက်သလို အင်တာနက်ကို သုံးလို့ရပါပြီး။ သင့်ရဲ့ လုပ်ဆောင်မှုတွေကို တခြားသူ မသိတော့ပါဘူး။

ဒီနည်းလမ်းကို အသုံးပြုခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးက

အင်တာနက်မှာ ဝင်ထားတဲ့ Log-In ဒေတာများကို ဖျက်ပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ အရေးကြီး ဒေတာများကို လုံခြုံစေပါတယ်။ ပြီးတော့ အင်တာနက်မှာ ရှာဖွေထားတဲ့ အချက်အလက်တွေကို တခြားလူတွေ မတွေ့အောင် လုပ်ပေးနိုင်ပါတယ်။ Mobile Banking , Internet Banking တို့လို ငွေကြေးနဲ့ ပတ်သက်တဲ့ ၀က်ဆိုက်များကို အသုံးပြုတဲ့ အခါလည်း တခြားသူမသိအောင် လုပ်ပေးနိုင်ပါတယ်။

အသုံးပြုရမယ့် Chrome Browser နောက်ဆုံး ဗားရှင်းကို ဒီမှာ ဒေါင်းလုတ်ပါ။

Download Apk

Ok… အဆင်ပြေကြပါစေ။

အပန်းမကြီးဘူးဆိုရင် သူငယ်ချင်းတွေလည်းသိအောင် Share လေးလုပ်ပြီး ကူညီပေးကြပါနော်..

Boykhai (နည်းပညာချစ်သူ)

www.7techlover.org

About the author

Boykhai

Leave a Comment