Huawei User များအတွက် သိထားသင့်တဲ့ အချက်လေးများ

(❶)ဖုန်းထဲမှာတင် Firmware တင်နည်း သုံးမျိုးရှိပါတယ်။
1-ကတော့ SD ကတ်ထဲ dload ကိုထည့်
P-Key+V Up+V Down ကို တွဲပြီးတင်ရပါတယ်။
2-About Phone /System Update/Local Update ဆိုပြီး
နောက်ပိုင်း Huawei ဖုန်းတွေမှာတော့ Updater ဆိုပြီးသက်သက်ပါလာတယ်ဗျ အဲ့ကနေတင်လို့ရပါတယ်။
3-ကတော့ တစ်မျိုး ဖုန်းခေါ်တဲ့နေရာမှာ *#*#2846579#*#* ကိုနှိပ်။Software Upgrade/SD Card Upgrade ကနေတင်ပေးရမယ်။
(နည်3းမျိုးအတွက်လိုအပ်ချက်ကတော့ SD ကတ်ထဲမှာ dload ဖိုင်ထည့်ထားပေးရပါမယ်။Huawei ဖုန်းတိုင်း dload နဲ့လာတာတော့မဟုတ်ပါဘူး)

(❷)သင့်ဖုန်းထဲမှာ SuperSU ဆိုတဲ့ apk လေးရှိနေရင် SuperSU apk ကိုနှိပ်ပြီးဝင်စရာမလိုပါဘူး။
ဖုန်းခေါ်တဲ့နေရာမှာ *#*#1234#*#* ကိုရိုက်ပြီး ခေါ်ယူနိုင်ပါတယ်။SuperSu ကဖျောက်ထားလို့ရပါတယ် SuperSU/Settings/Launcher Icon မှာဖျောက်ထားပေးပါ။ပြန်ခေါ်ယူလိုတဲ့အခါမှာ အပေါ်ကပြောသလိုပေါ့။

(❸) Huawei ဖုန်း Version 4.0 နဲ့အထက်တွေမှာ Screen Shot ရိုက်လို့ရပါတယ်။အောက်ပိုင်းတွေကတော့ Support မလုပ်ပါဘူး။V-Down+Power ခလုတ်ကိုတွဲ နှိပ်ပေးပါ။နောက်ပိုင်းဖုန်းတွေမှာတော့မလိုတော့ပါဘူး။Screen Shot အပြင် Screen Recoding ပါထည့်သွင်းပေးလာပါတယ်။Screen Shot ရိုက်နည်းကလည်းတစ်မျိုးတည်းရှိတာတော့မဟုတ်ပါဘူး။

(❹)သင့်ဖုန်းကို Computer နဲ့ချိတ်ဆက်မယ်ဆိုရင်ရင်တော့ Developer Opations ကိုဖွင့်ကိုဖွင့်ရပါမယ်။အဲ့ထဲကနေပြီးမှ USB debugging ကိုအမှတ်တပ်ပေးလိုက်ပါ။Developer Opation မပေါ်တဲ့ဖုန်းတွေကတော့ Settings/About Phone/Build number ကို 7ချက်လောက်ဆက်တိုက်နှိပ်ပေးပါ။ဒါလေးကတော့လူတော်တော်များများသိပါတယ်။

(❺)Blackground မှာ Apk တွေ Run နေပြီဆိုရင်တော့ သင့်ဖုန်းကအလွန်လေးလာပါလိမ့်မယ်။Home ဒါမှမဟုတ် Menu ခလုတ်ကို ခပ်ကြာကြာလေးဖိထားပေး အမှိုက်ပုံးလေး ဒါမှမဟုတ် တံမြက်စည်းလေးကိုနှိပ်ပြီးရှင်းပေးနိုင်ပါတယ်။Model အလိုက်ကွာခြားချက်လေးတွေတော့ရှိတာပေါ့ဗျာ။အခြားနည်းလေးတွေလည်းရှိသေးပါတယ်။

(❻)ဖုန်းတလုံးကိုအကောင်းဆုံးကုသနည်းရှိပါတယ်။ရိုးရှင်းလွယ်ကူတယ်ဆိုပြီးတော့အထင်မသေးလိုက်ပါနဲ့။ဒါဟာဘာလဲဆိုတော့ ဖုန်းကိုအသုံးပြုပြီးတိုင်း Restart Or Reboot လုပ်ပေးပါ။ဒါဟာမှန်ကန်တဲ့နည်းဖြစ်သလို သင့်ဖုန်းလေးဟာအမြဲပေါ့ပါးနေမှာပါ။လူတော်တော်များများကဟို apk ကဖွင့်မရတော့ဘူး စက်ကြီးတအားလေးလာပြီဆိုပြီး ဆိုင်ကိုပိုက်ဆံသွားပေးဖို့ပဲစိတ်ကူးနေပါတယ်။

(7)Date and Time ပြန်ချိန်တဲ့အခါ အကွက်လေးတွေမှေးမှိန်ပြီးချိန်မရဖြစ်နေပါလား။Airplane Mode ကိုအမှတ်တပ်ပြီးစိတ်ကြိုက်ချိန်နိုင်ပါတယ်။

(8)ကိုယ်ကြိုက်တဲ့ Ringtone လေးတွေကို Settings/Sound/Phone Ringtones ထဲမှာပေါ်စေချင်ရင်တော့ SD ကတ်ထဲသွား New Floder ကိုနှိပ် Ringtones များလို့အမည်ပေးပြီး ကိုယ်ထည့်ချင်တဲ့ mp3;Ringtones လေးတွေကိုထည့်ပေးထားလိုက်ပါ။(mp4 တွေကိုအသံပဲကြားချင်ရင် Rename ကို m4a လို့ပြောင်းပေး)

7techlover.org (နည်းပညာချစ်သူ)

Ref: itpoekar

About the author

Admin

Leave a Comment