သင့်​ရဲ့ ဖုန်းအ​ဟောင်းကို အသစ်​ပြန်​ဖြစ်​​စေဖို့ နည်းလမ်း ၇ ချက်

ငွေ​ကြေးအနည်းငယ်​​လောက်​ သုံးပြီး ဖုန်းအသစ်​တစ်​လုံး မရချင်​ဘူးလား။ ရချင်​တယ်​ဆိုရင်​​တော့ ဒီနည်းလမ်း​လေးတွေအတိုင်း ဖုန်းရဲ့ ဒီဇိုင်းနဲ့ စွမ်း​ဆောင်​ရည်​ကို အလန်းဆုံးဖြစ်​​အောင်​ ပြုလုပ်​နိုင်​ပါတယ်​။

တစ်​ချို့​သော ကျွမ်းကျင်​သူ​တွေက Smart Phone ​တွေဟာ လုံးဝပြီးပြည့်​စုံတဲ့ အဆင့်​တစ်​ခုကို​ရောက်​ရှိ​နေပြီး ​နောက်​ထပ်​ Upgrade လုပ်​စရာ​တွေလဲ သိပ်​မကျန်​​တော့တဲ့ အ​ခြေအ​နေဖြစ်​​နေပြီလို့ ယုံကြည်​​နေကြပါတယ်​။ ​နည်းနည်း​လေး ပို​ကောင်းတဲ့ processor ဒါမှမဟုတ်​ နည်းနည်း​လေးပို​ကောင်းတဲ့ camera အတွက်​ ​နောက်​ထပ်​ ဖုန်းအသစ်​တစ်​လုံး ဘာလို့ဝယ်​​နေကြမှာလဲ။

ဒီလို​ပြောရင်​ သင်​မှာ ငြင်းချက်​​​ကောင်း​​ကောင်း​ထုတ်စရာေ​တွအများကြီးရှိပါလိမ့်မယ်။ မှန်​ပါတယ်​ ဖုန်းအ​ဟောင်း ​တွေမှာ ပြသာနာ​တွေ မျိုးစုံရှိကြပါတယ်​။ Battery သက်​တမ်းကြာကြာ မခံတာ၊ အ​ရောင်​​တွေမှိန်​လာတာ အစင်းရာ​တွေ ခြစ်​ရာ​တွေထင်​​နေတာ စတဲ့ပြသာနာ​တွေ​ကြောင့်​ဘဲ လူ​တွေဟာ ​နောက်​ထပ်​ ဖုန်းအသစ်​တစ်​လုံး လိုချင်​ကြ​တာ​ပေါ့။ ဒီမှာ​တော့ ကိုယ့်​ဖုန်းကို အသစ်​တစ်​ဖန်​ ပြန်​ဖြစ်​​စေဖို့ နည်းလမ်း​လေး​တွေ ​ပြောပြသွားမှာပါ။

ကဲ အ​ရေးကြီးဆုံး ပြသာနာက​နေ စလိုက်​ကြရ​အောင်​။

၁။ Battery အသစ်​တစ်​လုံး တပ်​ဆင်​ပါ

Battery အသစ်​တစ်​လုံး လဲလှယ်​တပ်​ဆင်​ချင်းဖြင့်​ ကိုယ့်​ဖုန်းကို အသစ်​တုန်းကအတိုင်း battery သက်တမ်း​​ကြာကြာ အသုံးပြုနိုင်မှာပါ​။

ကိုယ်​က ဖုန်းအတွက်​ သင့်​​တော်​တဲ့ battery
ကို မ​ရွှေးချယ်​တတ်​ရင်​​တော့ ကျွမ်းကျင်​တဲ့သူနဲ့ တိုင်​ပင်​ပြီးမှ ​တပ်​ဆင်​သင့်​ပါတယ်​။

၂။ ဖုန်း ကာဗာ အသစ်​​​တွေ ​ရွှေးချယ်​ပါ

ကိုယ့်​ဖုန်းလှလှ​လေးကို ကာဗာ ​တွေတပ်​ဆင်​ရမှာကို တစ်​ချို့သူ​တွေက​တော့ ကြိုက်​နှစ်​သက်​မှာ မဟုတ်​ပါဘူး။

Phone Cover တပ်​ဆင်​ခြင်းဖြင့်​ ကျကွဲခြင်းမှ ကာကွယ်​​ပေးသလို အမြင်​ကိုလည်း ပိုပြီး ဆန်းသစ်​​စေတာ​ပေါ့။

ကိုယ့်​ဖုန်း မူလအ​ရောင်​က အနက်​​ရောင်​ဆို အနီ​ရောင်​​လေး ​ပြောင်းတာ ဒါမှမဟုတ်​ ကိုယ့်​ကြိုက်​တဲ့ ​ဘောလုံးအသင်း Logo ဒီဇိုင်း​လေး​တွေ​ပြောင်းတာဟာ ကိုယ့်​ဖုန်းကို အသစ်​လို ပြန်​ခံစားမိ​စေမှာပါ။

၃။ Launcher အသစ်​​တွေ ​ပြောင်းသုံးကြည့်​ပါ

ဖုန်းရဲ့ အပြင်​ပိုင်း အပြင်​အဆင်​​လေး​တွေအ​​ကြောင်းပြီး​တော့ ဖုန်းအတွင်းပိုင်း အပြင်​အဆင်​​တွေဆီ သွားကြတာ​ပေါ့။

ကိုယ့်​ရဲ့ ဖုန်းScreen ဆိုတာ ကိုယ့်​ဖုန်းဖွင့်​လိုက်​တာနဲ့ ပထမဆုံးမိတ်​ဆက်​ရတဲ့ ​နေရာဆို​တော့ ကိုယ့်​စိတ်​ကြိုက်​ themes နဲ့ launchers အသစ်​အဆန်း​လေး​တွေ ​ပြောင်း​ပေးတာဟာလဲ ကိုယ့်​အတွက်​ အသစ်​လို ခံစားရ​စေမှာပါ။

Android users ​တွေအတွက်​​တော့ themes နဲ့ launchers ​တွေဟာ ​​ရွှေးချယ်​စရာ အလွန်​​ပေါများပါတယ်​။ Windows ဖုန်းစတိုင်​ themes ​တွေ​ပြောင်းမလာ iPhone စတိုင်​ themes ​တွေ​ပြောင်းမလား အစုံပါဘဲ။

iPhone users ​တွေအတွက်ေ​​တာ့​ jailbreaking မလုပ်​ထားရင်​​ iOS ကို ဒီနည်း​တွေအတိုင်း ​ပြောင်းလဲဖို့ မဖြစ်​နိုင်​ပါဘူး။

ဒါ​ပေမယ့်​ wallpaper ​တွေချိန်းတာ Icons​လေး​တွေ ​နေရာပြန်​ချခြင်းတို့ဖြင့်​လည်း ကိုယ့်​ဖုန်းကို အသစ်​လို ခံစားရ​အောင်​ ပြုလုပ်​နိုင်​ပါတယ်​။

၎။ Accessories အသစ်​အဆန်း​လေး​တွေထည့်​ပါ

ဖုန်းကို အသစ်​လိုခံစားရ​စေဖို့ ​နောက်​နည်းလမ်း တစ်​ခုက​တော့ Accessories ​လေး​တွေထည့်​တာပါဘဲ။

Ninja Loop လို​ခေါ်တဲ့ ပစ္စည်း​လေး​တွေထည့်​တာ ဖုန်းကို​ထောက်​လို့ရတဲ့ ​ဒေါက်​​လေး​တွေတပ်​တာ ကား​ပေါ်မှာ ဖုန်းထည့်​လို့ရတဲ့ ခွက်​က​လေး​တွေတပ်​ထားတာ​တွေဟာလဲ ကိုယ့်​အတွက်​ ဆန်းသစ်​​စေမှာပါ။

၅။ Storage ထပ်​တိုးပါ

ကိုယ့်​ဖုန်းဟာ ဘာမှဟုတ်​တိပတ်​တိ မသိမ်းရ​သေးဘဲနဲ့ storage ပြည့်​သွားလို့ စိတ်​ညစ်​ပြီး ဖုန်းအသစ်​တစ်​လုံး ဝယ်​ဖို့ စဉ်းစား​နေပြီလား။

ဒါဆိုရင်​​တော့ ​နောက်​ဆုံး​ပေါ်တဲ့ Wireless Connect Stick လိုမျိုးကို external storage အဖြစ်​အသုံးပြုနိုင်​ပါတယ်​။

Wireless Connect Stick က ရိုးရိုး Memory Stickတစ်​​ချောင်းနဲ့ တူ​ပေမယ့်​ ​ဘောင်းဘီအိတ်​ကပ်​ထဲမှာ ထည့်​ထားပြီး ဖုန်းနဲ့ Wifiချိတ်​ပြီး အသုံးပြုနိုင်​တာဘဲ ဖြစ်​ပါတယ်​။

ဒါအပြင်​ OTG Stick များကိုလည်း အသုံးပြုနိုင်​ပါတယ်​။

‌၆။ ကိုယ်​ သတိမထားမိတဲ့ features အသစ်​အဆန်းများကို စမ်းသုံးကြည့်​ပါ

‌ ကျ​နော်​တို့ ​တော်​​တော်​များများဟာ ဖုန်းလုပ်​ဆာင်နိုင်စွမ်းရဲ့ ​​​အ​ပေါ်ယံ​လောက်​ဘဲ အသုံးပြုတတ်​ကြပါတယ်​။

ကျ​နော်​တို့ မသိ​​သေးတဲ့ သတိမထားမိတဲ့ features ​တွေဟာ ဖုန်းထဲမှာ ရှိတတ်​ပါတယ်​။

ဒါ​ကြောင့်​ features အသစ်​အဆန်း​တွေကို ရှာ​ဖွေ​လေ့လာပြီး စမ်းကြည့်​သင့်​ပါတယ်​။

၇။ Wireless Charger တပ်​ဆင်​ပါ

အခု​နောက်​ဆုံးထွက်​တဲ့ iPhones မှာ Wireless Charger ပါလာတာဟာ တကယ်​ကို လူစိတ်​ဝင်​စားမှုများတဲ့ သတင်းတစ်​ရပ်​ပါဘဲ။

ဒီလိုဆို ကိုယ့်​ဖုန်းမှာ​ရော အပြား​လေး​ပေါ်တင်​ထားရုံ နဲ့ အားသွင်းသလိုမျိုး စတိုင်​ရှိရှိ လုပ်​လို့မရဘူးလား။

ကိုယ့်​ဖုန်းက Qi (pronounced “chee”) wireless charger မပါဘူးဆိုရင်​​တောင်​ ပိုက်​ဆံအများကြီး မကုန်​ဘဲ wireless charger ကို တပ်​လို့ရပါတယ်​။

$10-15 ​လောက်​သုံးပြီး Amazon တို့ eBay တို့မှာ ကိုယ့်​ဖုန်းနဲ့ သင့်​​တော်​တဲ့ connector အတိုင်း Qi receiver””Lightning ” စသည့်
Wireless Charger များရနိုင်​ပါတယ်​။

ဒီနည်းလမ်းတွေနှင့် ဖုန်းအသစ်​တစ်​လုံးကို ဝယ်စရာမလိုပဲ ပုံစံအသစ်​အဆန်းတွေနှင့် စမ်းသုံးနိုင်ပါတယ်။

ဖုန်းကို အသစ်​ပြန်​ဖြစ်​​စေမယ့်​ တစ်ခြားနည်းလမ်း​လေး​တွေ ရှိ​သေးရင်​လည်း Comment မှာ​ရေးခဲ့ကြပါအုံuး

Kaung Sat Thaw (နည်းပညာချစ်သူ)

www.7techlover.org

About the author

Kaung Sat Zaw

Leave a Comment