










မှတ်ချက်။ ။


OK… အဆင်ပြေကြပါစေနော်။



www.7techlover.org

  • (Unicode)

Facebook မှာ တင်တဲ့ ပိုစ့်အသစ်တွေကို မမြင်စေချင်တဲ့သူတွေ မြင်လို့မရအောင် လုပ်နည်း။

Facebook မှာ ပိုစ့် အသစ်တွေကို တင်တဲ့အခါ သူငယ်ချင်းတွေထဲက မမြင်စေချင်တဲ့ သူတွေ ကိုယ်တင်တဲ့ ပိုစ့်အသစ်တိုင်း မြင်လို့မရအောင် လုပ်နည်း တင်ပေးလိုက်ပါတယ်။

ဒီနည်းလမ်းကို အသုံးပြုခြင်းအားဖြင့် ကိုယ်တင်တဲ့ ပိုစ့်အသစ်တိုင်း မမြင်စေချင်တဲ့သူကို Block ဒါမှမဟုတ် Unfriend လုပ်စရာ မလိုပါဘူး။

ဘယ်လို လုပ်ရမလဲဆိုတာ အောက်မှာ ပုံနှင့် အဆင့်လိုက် ရှင်းပြပေးလိုက်ပါတယ်။

အဆင့် (1)- Friends ထဲကို ၀င်လိုက်ပါ။

အဆင့် (2)- ပိုစ့်အသစ်တိုင်း သင့်သူငယ်ချင်းတွေထဲက မမြင်စေချင်တဲ့ သူကို  FRIENDS ထဲမှာ ရှာပြီး သူ့ Facebook  အကောင့်ထဲ ၀င်လိုက်ပါ။

အဆင့် (3)- သူ့ အကောင့်ထဲကို ၀င်ပြီးတဲ့အခါ Friends ကို ပြန်နိုပ်ပါ။

အဆင့် (4)- Edit Friend List ထဲကို ၀င်ပါ။

အဆင့် (5)- ဒါဆိုရင် Edit Friend List ထဲမှာ ရောက်သွားပါလိမ့်မယ်။

အဆင့် (6)- Restricted ကို အမှန်ချက် ပေးလိုက်ပါ။ ပြီးရင် Back လို့ရပါပြီး။

ဒါဆိုရင် Facebook မှာ ပိုစ့် အသစ်တွေကို တင်တဲ့အခါ သူငယ်ချင်းတွေထဲက မမြင်စေချင်တဲ့ သူတွေ ကိုယ်တင်တဲ့ ပိုစ့်အသစ်တိုင်း မမြင်တော့ပါဘူး။

မှတ်ချက်။ ။

တကယ်လို့ ကိုယ်တင်ထားတဲ့ ပိုစ့်အသစ်တိုင်းကို ပြန်မြင်စေချင်ရင် Edit Friend List ထဲက Restricted ကို အမှန်ချက် ပြန်ဖျောက် ပေးလိုက်ပါ။

OK… အဆင်ပြေကြပါစေနော်။

အပန်းမကြီးဘူးဆိုရင် သူငယ်ချင်းတွေလည်းသိအောင် Share လေးလုပ်ပြီး ကူညီပေးကြပါနော်..

Boykhai (နည်းပညာချစ်သူ)

www.7techlover.org

About the author

Boykhai

Leave a Comment