အင်္ဂလိပ် Grammar တွေကို ဖုန်းထဲကနေ အင်တာနက်မလိုပဲ မြန်မာစာနဲ့ လေ့လာလို့ရတဲ့ ဆော့ဝဲလ်။

မင်္ဂလာပါ။ ဒီနေ့ (နည်းပညာချစ်သူ)ကနေ အင်္ဂလိပ်စာတွေကို ဖုန်းထဲကနေ လေ့လာချင်တဲ့သူတွေအတွက် ဆော့ဝဲလ်တစ်ခု မျှဝေပေးလိုက်ပါတယ်။

ဒီဆော့ဝဲလ်ထဲမှာ အင်္ဂလိပ်သဒ္ဒါ (Grammar) တွေကို သင်ခန်းစာနှင့် ရှင်းပြချက်တွေအားလုံး မြန်မာစာနှင့် လေ့လာလို့ရတဲ့အတွက် အရမ်းကောင်းတဲ့ ဆော့ဝဲလ်တစ်ခုပါလို့ ပြောချင်ပါတယ်။

သင်ခန်းစာတွေလည်း အများကြီး ထည့်သွင်းထားပါတယ်။ ပြီးတော့ သင်ခန်းစာ တစ်ခုစီ လေ့လာပြီးတဲ့အခါ လေ့ကျင့်ခန်းတွေပါဝင်ပါတယ်။ အဲဒီလေ့ကျင့်ခန်းတွေ ဖြေဆိုလို့ရအောင် လုပ်ပေးထားပါတယ်။

အဲဒါကြောင့် ဒီဆော့ဝဲလ်က ကျောင်းတက်နေတဲ့သူတွေနှင့် အင်္ဂလိပ်စာကို လေ့လာချင်တဲ့သူတွေ အသုံးပြုသင့်တဲ့ ဆော့ဝဲလ်တစ်ခုပါ။ သင့်ရဲ့ ညီလေး/ညီမလေးတွေနှင့် သူငယ်ချင်းတွေအတွက် အင်္ဂလိပ်စာလေ့လာနိုင်ဖို့ အကူအညီဖြစ်အောင် ဒီဆော့ဝဲလ်ကို ဒေါင်းလုတ်/ မျှဝေပေးနိုင်ပါတယ်။

ဒီဆော့ဝဲလ်ရဲ့ ဖိုင်ဆိုဒ်က 1Mbလောက်ပဲ ရှိပါတယ်။ အသုံးပြုတဲ့အခါ အင်တာနက် ဖွင့်စရာလည်းမလိုပါဘူး။
ဆော့ဝဲလ်ကို ဒေါင်းလုတ်ရန်- Download

အဆင်ပြေကြပါစေ။
အပန်းမကြီးရင် ဒီပိုစ့်ကို ရှယ်ပြီး ကူညီပေးကြပါနော်။

BoyKhai (နည်းပညာချစ်သူ)

www.7techlover.org

About the author

Boykhai

Leave a Comment