သီးချင်းဖွင့်တဲ့အခါ အချိန်သတ်မှတ်ပြီး အလိုအလျှောက် ပိတ်အောင် လုပ်နည်း။

ညဘက်မှာ သီးချင်းနားထောင်ပြီး အိပ်တတ်တဲ့သူတွေနှင့် သီးချင်းကို အချိန်ခဏလေးပဲ နားထောင်အားတဲ့သူတွေအတွက် အရမ်းကောင်းမယ့် နည်းလမ်းတစ်ခုပါ။

ဒီနည်းလမ်းက ဖုန်းPower Off သွားတာ မဟုတ်ပဲ သီးချင်းကို အချိန်သတ်မှတ်ပြီး ရပ်အောင် လုပ်လို့ရပါတယ်။ ဒါဆိုရင် ဖုန်းကိုင်ပြီး သီးချင်းကို ပိတ်စရာ မလိုတော့ပါဘူး။

ဥပမာ- သီးချင်းဖွင့်တဲ့အခါ 5မိနစ်ပဲ အချိန်သတ်မှတ်မှတ်လိုက်ရင် 5မိနစ်ပြည့်တာနှင့် အလိုအလျှောက် ပိတ်သွားပေးပါတယ်။

အသုံးပြုရမယ့် ဆော့ဝဲလ်က Solo Music Player Pro ဖြစ်ပါတယ်။ ဒီဆော့ဝဲလ်ကို PlayStoreမှာ နှစ်ထောင်ကျပ်နှင့် ရောင်းပါတယ်။ ဒါပေမယ့် အောက်မှာ ဝယ်ပြီးသား ဆော့ဝဲလ်ကို Free ဒေါင်းလုတ်နိုင်ပါတယ်။
ဆော့ဝဲလ် ဒေါင်းလုတ်ရန်- Download

ဘယ်လို လုပ်ရမလဲဆိုတာ ပုံနှင့် ရှင်းပြပေးလိုက်ပါတယ်။

အဆင့်(၁) ဒေါင်းလုတ်ထားတဲ့ Solo Music Player ထဲကို ဝင်လိုက်ပါ။

အဆင့်(၂) အပေါ်က မျဉ်းသုံးကြောင်းကို နိုပ်ပေးပါ။

အဆင့်(၃) All Songs ထဲကို ဝင်ပါ။

အဆင့်(၄) ဒီမှာ ဖွင့်ချင်တဲ့ သီးချင်းကို ရွေးချယ်ပြီး ဖွင့်လိုက်ပါ။

အဆင့်(၅) သီးချင်းကို အချိန်သတ်မှတ်ပြီး အလိုအလျှောက် ပိတ်ဖို့ အပေါ်က အစက်သုံးစက်ကို နိုပ်လိုက်ပါ။

အဆင့်(၆) Sleep Timer ထဲကို ဝင်လိုက်ပါ။

အဆင့်(၇) ဒီမှာ သီးချင်း အလိုအလျှောက်ပိတ်မယ့် အချိန်ကို ရေးပေးပါ။ ပြီးရင် OK နိုပ်ပါ။

အဆင့်(၈) အချိန်သတ်မှတ်ထားပြီးပြီဆိုရင် Time Set! ပေါ်လာရင် ရပါပြီး။

ဒါဆိုရင် သတ်မှတ်ထားအချိန်အတိုင်း သီးချင်းဟာ အလိုအလျှာက် ရပ်ပေးပါလိမ့်မယ်။ ညအိပ်တဲ့အခါ စိတ်ပူစရာ မလိုပဲ သီးချင်းတွေကို အချိန်သတ်မှတ်ကာ ဖွင့်ထားလို့ရပါပြီး။

ဒီ Solo Music Player Pro ဟာ Playstore မှာ နှစ်ထောင်ကျပ်နှင့် ရောင်းချနေတဲ့ ဆော့ဝဲလ် ဖြစ်တဲ့အတွက် ပုံစံ ဒီဇိုင်းတွေဟာ အရမ်းလန်းပါတယ်။ လူကြိုက်အရမ်းများတဲ့ ဆော့ဝဲလ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီဆော့ဝဲလ်နှင့် ဖုန်းထဲက သီးချင်းတွေကို ဖွင့်လို့ရပါတယ်။ ပြီးတော့ Car Mode နှင့် ချိတ်ဆက် အသုံးပြုလို့ရတဲ့ ဆော့ဝဲလ် တစ်ခု ဖြစ်ပါတယ်။

ပြီးတော့ ဆော့ဝဲလ်ထဲမှာ Theme ဒီးဇိုင်းအရောင်တွေကို ရွေးချယ် ပြောင်းလဲနိုင်ပါတယ်။

Equalizer ပါတဲ့ အတွက် ကြိုက်တဲ့ Audio Affectsကို ချိန်လို့ရပါတယ်။

 Solo Music Player Pro ရဲ့ Video ကို အောက်မှာ ကြည့်နိုင်ပါတယ်။

ဆော့ဝဲလ်ကို အောက်မှာ တိုက်ရိုက် ဒေါင်းလုတ်နိုင်ပါတယ်။

ဒေါင်းလုတ်ရန်- Download

Ok… အဆင်ပြေကြပါစေနော်။

ဒီနည်းလမ်းကို သူငယ်ချင်းတွေလည်း သိအောက် Shareပြီး မျှဝေပေးနိုင်ပါတယ်။

BoyKhai (နည်းပညာချစ်သူ)

www.7techLover.org

About the author

Boykhai

Leave a Comment