ကောင်းကင်ကနေ မြန်နှုန်း 1Gbအထိရှိတဲ့ အင်တာနက်ကို ထုတ်လွှင့်မယ့် SpaceX

တစ်ကမ္ဘာလုံးမှာ အင်တာနက်အသုံးပြုခ ဈေးနှုန်းကို ကြည့်မယ်ဆိုရင် ဈေးနှုန်းအရမ်းများတာကို သင်သဘောတူပါလိမ့်မယ်။ အင်တာနက် မြန်နှုန်းကလည်း အရမ်း နည်းကွေးနေပါတယ်။ တစ်ချို့အရပ်ဒေသကို ကြည့်မယ်ဆိုရင် အင်တာနက်ကို မသုံးနိုင်ကြသေးပါဘူး။ အဲဒီအတွက် နည်းပညာ ကုမ္ပဏီ Space X ကလည်း ဂြိုလ်တုတေနှင့် ကမ္ဘာကို အင်တာနက် ထုတ်လွှင့်ပေးဖို့ စီစဉ်နေပါပြီး။

SpaceX က အင်္ဂါဂြိုဟ်ပေါ်မှာ Falcon Heavy ဒုံးပျံနှင့်အတူ Tesla ကားကို ထည့်ပေးလိုက်နိုင်တဲ့ သတင်းက အင်တာနက်ပေါ်မှာ နာမည် အရမ်းကြီးတဲ့ သတင်းတစ်ခု ဖြစ်နေပါတယ်။

SpaceX က တစ်ကမ္ဘာလုံးအတွက် မြန်နှုန်းမြင့် အင်တာနက် ပံ့ပိုးပေးဖို့ အင်တာနက် ဂြိုလ်တု စနစ်ကို ဖန်တီးမယ်လို့ ယခင်နှစ်က ပြောခဲ့ပါတယ်။

အဲ့ဒါကြောင့် အခုဆိုရင် SpaceX က Falcon 9 ဒုံးပျံနှင့် Starlink ဂြိုဟ်တု အလုံးရေ ၁၁,၉၂၃ ကို ထပ်မံလွှင့်တင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဂြိုဟ်တုတွေကနေ တစ်ကမ္ဘာလုံးကို ဖိုက်ဘာလိုမျိုး မြန်နှုန်းမြင့် အင်တာနက်ကို ထုတ်လွှင့် ချိတ်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအစီစဉ်က ၂၀၂၂ ခုနှစ်မှာ အောင်မြင်မယ်လို့ သိရပါတယ်။

 

အဲဒါကြောင့် အနာဂတ်မှာတော့ ကမ္ဘာပေါ်မှာ လူသားတိုင်းဟာ ငွေကြေး သက်သာတဲ့ မြန်နှုန်းမြင့် အင်တာနက်ကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

သုံးစွဲသူတစ်ဦးချင်းက 1Gb အထိ မြန်တဲ့ အင်တာနက်ကို ရရှိမယ်လို့ SpaceX က ပြောပါတယ်။။

BoyKhai (နည်းပညာချစ်သူ)

www.7techlover.org

About the author

Boykhai

Leave a Comment