IPhone မှာ အိန္ဒိယစကားလုံးတစ်လုံး ရိုက်ရုံနဲ့ ဖုန်းပျက်စီးသွားနိုင်တာမျိုး ကြုံရ။

အိန္ဒိယဘာသာစကားတွေ အမျိုးမျိုးတွေထဲက Telugu လို့ ခေါ်တဲ့ အိန္ဒိယဒေသခံ ဘာသာစကားရဲ့ စာလုံးတွေကြောင့် iphone တွေ အလုပ်မလုပ်နိုင်တာ ပျက်စီးသွားနိုင်တာမျိုး ရှိတယ်လို့ အီတလီ နည်းပညာ Blog တစ်ခုကနေ သိရပါတယ်။

ဒီပြသာနာကို အီတလီ နည်းပညာ Blog တစ်ခုဖြစ်တဲ့ Mobile World မှ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Telugu ဘာသာစကားရဲ့ စကားလုံးတစ်လုံးကို ရေးတာပဲဖြစ်ဖြစ်၊
တစ်ယောက်ယောက်က Message ပို့လိုက်တာပဲဖြစ်ဖြစ်၊ အခြား App တွေမှာ မတော်တဆ ပါလာတာပဲဖြစ်ဖြစ် အဲဒီ ဘာသာစကားရဲ့ စကားလုံးကြောင့် ဖုန်းထဲမှာ ရှိတဲ့ App တွေကောင်းကောင်း အလုပ်မလုပ်နိုင်အောင် ဖျက်စီးသွားပြီး ဖုန်းက reboot ဆက်တိုက် ချနေတာမျိုးအထိ ဖြစ်သွားတယ်လို့ အီတလီ နည်းပညာ Blogမှ သိရပါတယ်။

ယခု ပြသာနာဟာ iPhone ၊ iPad နဲ့ Apple Watch စတဲ့ iOS ထုတ်ကုန်တွေမှာ ရှိတယ်လို့ဆိုပါတယ်။

ဥပမာ- Facebook နှင့် Twitter လိုမျိုး လူမှုကွန်ရက်တွေနှင့် Messsage တွေမှာ စာရေးတဲ့အခါ၊ စာပို့တဲ့အခါ အဲဒီ App တွေ အားလုံး ရပ်တန့်သွားပြီး ပြန်ဖွင့်လို့ မရတဲ့ အထိ ဖြစ်သွားပါတယ်။

ပြီးတော့ Gmail, Outlook စတဲ့ Third-Party Apps တွေကို သုံးတဲ့အခါမှာလည်း App တွေ အားလုံး ရပ်တန့်သွားပါတယ်။ ဒါပေမယ့် Telegram နဲ့ Skype တို့မှာတော့ အဲဒီပြဿနာ မရှိဘူးလို့  အီတလီ နည်းပညာ Blogမှာ ဖြော်ပထားပါတယ်။

ဒီ ပြသာနာဟာ iOS 11.2.5 မှာပဲ ဖြစ်ပေါ်နေတာဖြစ်ပြီ တခြား iOS Version တွေမှာ မရှိဘူးလို့ ဆိုပါတယ်။

Apple ကတော့ အခုရှိနေတဲ့ ပြသာနာကို သိရှိထားပါပြီး။ မကြာခင် အဲဒီ ပြသာနာအတွက် iOS update နှင့် ဖြေရှင်းပေးသွားမှာပါလို့ သိရပါတယ်။

Boykhai (နည်းပညာချစ်သူ)

www.7techlover.org

About the author

Boykhai

Leave a Comment