ထိတ်လန့်စရာ အရမ်းကောင်းပြီး လူကြိုက်အရမ်းများတဲ့ Temple Run 2 ဂိမ်း ဗားရှင်းအသစ်ထွက်ပြီး။

Temple Run 2 ဂိမ်းဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ ထိတ်လန့်စရာကောင်းပြီး လူတိုင်း အရမ်းကြိုက်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။

ဒီဂိမ်းဟာ ဖေဖော်ဝါရီလ ၁၅ရက်နေ့တုန်းက ဗားရှင်းအသစ် ထွက်ရှိလာပါတယ်။

ဒီဂိမ်းရဲ့ ဗားရှင်းအသစ်မှာဆိုရင် တရုတ်နိုင်ငံ/ တရုတ်ပွဲတော်မှာ ပြေးနေရသလို သင့်ကို ခံစားရစေမှာပါ။

တရုတ်ရိုးရာ အသုံးအဆောင်တွေ၊ စိတ်လှုပ်ရှာစရာကောင်းတဲ့ လမ်းအသစ်တွေ ပါဝင်လာတာတွေ့ရပါတယ်။

လမ်းမှာ ကြောက်စရာ အရမ်းကောင်းတဲ့ တိရိစ္ဆာန်အကောင်တွေအများကြီး ပါဝင်လာပါတယ်။ ပြီးတော့ လူသစ်တွေ/ လူစွမ်းကောင်းအသစ်တွေ အများကြီး ထည့်သွင်းထားတာ တွေ့ရပါတယ်။

ဂိမ်းရဲ့ ရုပ်အရည်အသွေးက အရင်ဗားရှင်း အဟောင်းထက် ပိုမိုကြည်လင်လာတာ တွေ့ရပါတယ်။

ပြီးတော့ ဂိမ်းရဲ့ Logo လည်း ပြောင်းလဲသွားပါတယ်။

ဖိုင်ဆိုဒ်က 68Mb ရှိပါတယ်။ ဒီဂိမ်းကို မြန်မာနိုင်ငံမှာ Play Store ကနေ ဒေါင်းလုတ်လို့မရပါဘူး။ ဒါပေမယ့် အောက်မှာ တိုက်ရိုက် ဒေါင်းလုတ်လို့ရပါတယ်။
ဒေါင်းလုတ်ရန်- Download

OK… အဆင်မပြေတာရှိရင် Comment မှာ ပြေားလိုက်ပါ။

Boykhai (နည်းပညာချစ်သူ)
www.7techlover.org

About the author

Boykhai

Leave a Comment