NASA က အသံထက်မြန်တဲ့ လေယာဉ်ပျံတွေကို တီထွင်နိုင်ပြီးဆိုတာ သင်သိပါသလား။

NASA က အသံထက် အရမ်းမြန်တဲ့ လေယာဉ်ပျံတွေဖြစ်တဲ့ Supersonic aircraft(The X-plane) ကို တီးထွင်နိုင်ပြီးလို့ သိရပါတယ်။

ဒီလေယာဉ်ပျံကို 2021 လောက်မှာ စတင်ပြေးဆွဲနိုင်တော့မှာ ဖြစ်တယ်။ ဒီလို လေယာဉ်ပျံမျိုးက ဝန်ထမ်းအများအပြားလိုအပ်တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် NASA က လေယာဉ်ပျံမှာ အလုပ်လုပ်ဖို့ ဝန်ထမ်းအများအပြားကို ခေါ်ယူမယ်လို့ ပြောပါတယ်။

ဒါက အလုပ်လက်မဲ့ဖြစ်နေတဲ့ ပြသာနာကိုလည်း တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမှာပါလို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။

NASA ကနေလုပ်တဲ့ ဒီလေယာဉ်ပျံက တခြားလေယာဉ်တွေနှင့်မတူပဲ လေယာဉ်စတင်ထွက်ခွာတဲ့ အချန်မှာ ဆူညံတဲ့ အသံတွေလည်း ရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။

လေယာဉ်ရဲ့ မြန်နှုန်းကလည်း အသံထက် မြန်တဲ့အတွက် ခရီးစဉ်တွေကို နှစ်ဆလောက် ပိုမြန်အောင် ရောက်နိုင်မှာ ဖြစ်ပါတယ်လို့ NASA ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

Boykhai (နည်းပညာချစ်သူ)

www.7techlover.org

About the author

Boykhai

Leave a Comment